• ဧရာဝတီတံတား(သရက်-အောင်လံ)၏အရှည်မှာ စုစုပေါင်း ၂၂၇၂ ဒသမ ၅ မီတာရှိမည်ဖြစ်ပြီး ပင်မတံတား၏အရှည်မှာ ၁၇၃၂ ဒသမ ၅ မီတာရှိမည်ဖြစ်ကာ အရှည် ၁၄၄ မီတာစီပါဝင်သော ခန်းဖွင့် ၁၂ ခန်းဖြင့် တည်ဆောက်သွားမည် ဖြစ်သည်။ သရက်မြို့ဘက်ကမ်း၌ အရှည်မီတာ ၃၀၀ ရှိသော ချဉ်းကပ်တံတားအား မီတာ ၃၀ စီပါဝင်သော ခန်းဖွင့် ၁၀ ခန်းဖြင့် တည်ဆောက်မည်ဖြစ်ပြီး အောင်လံမြို့ဘက်ကမ်း၌ အရှည်မီတာ ၂၄၀ ရှိသော ချဉ်းကပ်တံတားအား မီတာ ၃၀ စီပါဝင်သော ခန်းဖွင့် ရှစ်ခန်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပင်မတံတားမှာ သံပေါင်ခုံးတံတားအမျိုးအစားဖြစ်ပြီး ချဉ်းကပ် တံတားများအား သံကူကွန်ကရစ်ဖြင့် တည်ဆောက်မည်ဖြစ်ကာ ရေလည်တိုင် အုတ်မြစ်များအား သံကူကွန်ကရစ် ဘိုးပိုင်ဖြင့် တည်ဆောက်မည်ဖြစ်သည်။ တံတားအကျယ် ၁၀ ဒသမ ၅ မီတာ၊ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာ နှင့် လူသွားလမ်းအကျယ်တစ်ဖက်လျှင် ၁ မီတာစီပါဝင်မည်ဖြစ်ပြီး ရေလမ်း ကင်းလွတ် အကျယ် ၁၃၀ မီတာနှင့် အမြင့် ၁၆ မီတာ ရှိမည်ဖြစ်ကာ တံတား ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကြောင်း တံတားတည်ဆောက်ရေးစီမံကိန်းအား တာဝန်ယူဆောင်ရွက်နေသည့် တည်ဆောက်ရေးအဖွဲ့(၃)မှ သိရသည်။ (ကြေးမုံမှ ကောက်နုတ်ချက်)
  • မကွေးတိုင်းဒေသကြီး၌ ဧရာဝတီတံတား(ပခုက္ကူ)၊ ဧရာဝတီ တံတား(မကွေး)၊ ဧရာဝတီတံတား(မလွန်)နှင့် အနော်ရထာတံတားတို့ဖြင့် တံတားလေးစင်းအား တည်ဆောက်ပြီး ဖြစ်ရာ ယခုတည်ဆောက်နေသည့် ဧရာဝတီတံတား(သရက်-အောင်လံ)တည်ဆောက်ပြီးစီးပါက မကွေးတိုင်း ဒေသကြီးအတွင်း ငါးစင်းမြောက်တံတားဖြစ်လာမည် ဖြစ်သည်။ 
  • ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများ အခွန် ငွေပေးသွင်းခြင်းလုပ်ငန်းစဉ်တွင် လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို အထောက်အကူဖြစ်စေရန်နှင့် အခွန်ပေးဆောင်ရာတွင် လွယ်ကူ လျင်မြန်စေရန်ရည်ရွယ်၍ အီလက် ထရောနစ်ငွေပေးချေမှု စနစ်များ ဖြစ်သော m-Banking, e-Banking, i-Banking, Mobile Payment စနစ်များ ဖြင့်လည်းကောင်း၊ MPU Corporate Debit Card အသုံးပြု၍ Online မှ လည်းကောင်း သက်ဆိုင်ရာ ဘဏ်များနှင့် ချိတ်ဆက်၍ ပေးဆောင်နိုင်ရေး ဆောင်ရွက်နိုင်ပြီးဖြစ်သည်။ 
  • အခွန်ထမ်း မှတ်ပုံတင်အမှတ် (Taxpayer Identification Number-TIN)
  • မြန်မာနိုင်ငံ ဆေးကောင်စီ၏ (၂၀၁၆-၂၀၂၀) လေးနှစ်သက်တမ်းအတွင်းဆောင်ရွက်ချက် များနှင့်ဆေးကောင်စီအသစ် ပြန်လည်ဖွဲ့စည်းခြင်း ကိစ္စရပ်များ ဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၈ ရက်က ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်တွင် ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမြင့်ထွေး တက်ရောက်ခဲ့သည်။
  • Digital Trade နှင့် e-Commerce ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ= စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး
  • Digital Trade နှင့် e-Commerce ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၏ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပရာ Digital Trade နှင့် e-Commerce ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ= စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်ခဲ့သည်။ 
  • ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုများ၊ ဆပ်ကော်မတီ၏ ဆောင်ရွက်ရမည့် Action Plan၊  ပြင်ဆင်ဖွဲ့စည်းသွားမည့် အဆိုပြု အဖွဲ့ဝင်များ အားတင်ပြခဲ့ပြီး ဆပ်ကော်မတီဝင်များ၊ ဖိတ် ကြားထားသူများမှ e-Commerce၊ Digital Trade၊ Digital Payment၊ e-Commerce Guideline၊ e-Commerce (Online Shop) Registration တို့နှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေ များအားတင်ပြဆွေးနွေးခဲ့ကြသည်။ 
  • အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွင်း Travel Bubble/ Corridor ထူထောင် ဆောင်ရွက်သွားရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ Assistant Director Mr. Le Quang Lan က ဦးဆောင်၍ ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ   တာဝန်ရှိသူများ ပါဝင် တက်ရောက်သည်။ အာဆီယံ ခေါင်းဆောင်များနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးများ၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖော် ဆောင်ရန် ပဏာမအဆင့်အနေဖြင့် အာဆီယံအတွင်းရေး မှူးချုပ်ရုံးမှ ဦးဆောင်၍ ASEAN Framework to facilitate the Travel Bubble Scheme ရေးဆွဲပြုစုသွားမည်ဖြစ်သည်။
  • မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး = မစ္စ တူနယ်တီးနပ်(စ်) 

နိုင်ငံတကာ သတင်းမှတ်စု


  • ကိုဗစ်လော့ဒါင်းတွေကြောင့် ထိုးကျသွားသော တရုတ်နိုင်ငံ၏စီးပွားရေးသည်  ဒီနှစ်ရဲ့ ဒုတိယသုံးလပတ်ကာလမှာ ၃ ဒသမ ၂ ရာနှုန်း ပြန်တက်လာ
  • ယူကေ မိုဘိုင်းဖုန်း ကုမ္ပဏီတွေကို တရုတ် ဟွာဝေး ကုမ္ပဏီထုတ် 5G ဆက်သွယ်ရေး ပစ္စည်းတွေ အသစ်မဝယ်ယူတော့ဖို့ ဒီဇင်ဘာ ၃၁ ရက် နောက်ပိုင်းကစပြီး တား




Mahar Educational Blogger Team


Post a Comment

Previous Post Next Post