• ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၅၀၀ ကျပ်တန် ထုတ်ဝေမည်။
  • ငါးရာကျပ် တန်ငွေစက္ကူပုံစံသစ်၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံနှင့် ကျောဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အဆောက်အဦပုံ ရိုက်နှိပ်ထားပြီး ပုံစံသစ်အရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာနှင့် အနံ ၇၀ မီလီမီတာရှိပါသည်။ ပေါ်လွင်သော အရောင်မှာ နီညိုရောင်ဖြစ်ပါသည်။

  • ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန်ငွေစက္ကူပုံစံသစ်အား ရုံးဖွင့်ရက်ဖြစ်သော (၂၁-၇-၂၀၂၀) ရက်နေ့မှစ၍ ဘဏ်များမှ ဖြန့်ဝေပေးသွားမည်ဟု သိရပါသည်။
  • ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၆  ရက်နေ့တွင်   ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသည့် ASEAN-China Transport Ministers’ Special Meeting on COVID-19 အထူးအစည်းအဝေးကို ် Video Conferencing ဖြင့် ကျင်းပခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်ခဲ့သည်။
  • အစည်းအဝေးတွင် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ကိုဗစ်-၁၉ အလွန်ကာလများအတွက်  ပို့ဆောင်ရေးကဏ္ဍမှ ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍  Joint Statement of ASEAN-China Transport Ministers on Ensuring Smooth Transport and Logistics to Combat COVID-19 and Reactivate the Economy ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
  • ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ကကြီးမှူး၍ Video Conference ဖြင့် ကျင်းပသည့် “Strengthening ASEAN’s Digital Economy for an Inclusive and Sustainable Recovery” အစည်းအဝေးသို့  ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်တွင် ပါဝင်တက်ရောက်သည်။
  • ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မေလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅၆၆ ဒသမ ၅၅ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၉၁ ဒသမ ၇၆ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၅၈ ဒသမ ၃၁ သန်း ဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၀၂ ဒသမ ၄၇ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆၇ ဒသမ ၁၉ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၆၉ ဒသမ ၆၆ သန်း ဖြစ်သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မေလအတွက် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၇၂၇ ဒသမ ၉၇ သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၄၁၁ ဒသမ ၃၅ သန်း ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

  • ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ မေလအထိ မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၀၁၅ ဒသမ ၇၄ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၈၉၁ ဒသမ ၈၉ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၉၀၇ ဒသမ ၆၃ သန်း ဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၄၂၈ ဒသမ ၂၉ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀၅၅ ဒသမ ၇၆ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၄၈၄ ဒသမ ၀၅ သန်း ဖြစ်သည်။ သို့ဖြစ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ မေလအထိ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၅၃၉၁ ဒသမ ၆၈ သန်းဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၅၇၆ ဒသမ ၄၂ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
  • ဂူလ်ဂယ်ကုမ္ပဏီသည် အိန္ဒိယနိုင်ငံတွင် ပြည်သူများ အင်တာနက် ကျယ်ပြန့်စွားသုံးစွဲနိုင်ရေး ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်းသိရသည်။
  •  ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့်အစည်းအဝေးကို
  • ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌  ကျင်းပခဲ့သည်။
  • ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် (၂၁)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေး(21st ASEAN Sub-Committee Meeting on Information, 21st SCI Meeting) ကို စင်ကာပူ နိုင်ငံမှ Video Conferencing စနစ်ဖြင့် ကျင်းပရာ မြန်မာနုင်ငံမှ ပါဝင် တက်ရောက်ခဲ့သည်။



2 Comments

Post a Comment

Previous Post Next Post